ကိုရီးယားလူမျိုးတွေနဲ့ အတူသောက်တဲ့အခါ သိထားသင့်သည့် အချက်များ ဆိုဂျူးဆိုတာ ဆန်ကနေ ချက်လုပ်ထားတဲ့ အရက် ဖြစ်ပြီး ကိုရီးယားနိုင်ငံရဲ့ ရိုးရာယဥ်ကျေးမှု သင်္ကေတတစ်ခုပေါ့။ Alcohol ပါဝင်မှု ၁၄ ကနေ ၂၀ ရာခိုင်နှုန်းကြားပဲ ရှိတာမို့ ဝိုင်းဖွဲ့ပြီး ပျော်ပျော်ပါးပါး သောက်လို့ ရှယ်ကောင်းပဲ။ အမြည်းကတော့ ကိုရီးယားစတိုင် ဝက်ဆလပ်လေးနဲ့ဆို ဂျက်ကြီးတို့ သီချင်းထဲကလို မင်းထက် နိဗ္ဗာန်ကို မလိုချင်ပဲ။ . ဒါကတော့ ဆိုဂျူးအကြောင်းပေါ့ ... နောက်ထပ် ခဗျားတို့ ဗဟုသုတရအောင် ကိုရီးယားလူမျိုးတွေနဲ့ ဆိုဂျူးသောက်တဲ့အခါ သိထားသင့်တာတွေ ပြောပြမယ်။ ကိုရီးယားအရက်သောက်ရင် ကိုရီးယားလို ကျင့်ရတယ်။ ဒါမှ မဒီလေးတွေက အိုပါးဆိုပြီး ကြွေကုန်မှာပေါ့။ ဆိုဂျူးပုလင်းကို မဖွင့်ခင်မှာ ပုလင်းကို လှုပ်ခါပေးရပါမယ်။ ဆိုဂျူးကို ပုလင်းလိုက် မော့တာမျိုး လုံးဝ မလုပ်သင့်ဘူးဗျ။ ဆိုဂျူး သောက်တဲ့အခါ ဖန်ခွက်သေးသေးလေးတွေနဲ့ သောက်မှ ဆိုဂျူးအရသာကို အပြည့်အဝ ခံစားရမှာပါ။ ဆိုဂျူးငှဲ့ပေးတဲ့အခါ လေးစားမှုကို ပြသတဲ့ အနေနဲ့ ပုလင်းကို လက်နှစ်ဖက်စလုံးနဲ့ ကိုင်ဖို့ လိုအပ်ပါတယ်။ ...
Comments
Post a Comment