ဒရယ်ချိုနှစ်ခု၏နောက်ကွယ်မှ Jagermeister (ယက်ဂါမိုက်စတာ)



Jagermeister (ယက်ဂါမိုက်စတာ)

Jagermeister (ယက်ဂါမိုက်စတာ) ကုမ္ပဏီ ကို ၁၈၇၈ တွင် Wilhelm Mast ကတည်ထောင်ခဲ့ပါသည်။ Wilhelm Mast က ၁၉၃၄ ခုနှစ်မှာ လျို့ဝှက် formula တစ်ခုကို ဖော်ထုတ်ပြီး၁၉၃၅ ခုနှစ်မှာ ဂျာမနီလူမျိုးတွေရဲ့ဈေးကွက်ထဲကိုတင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။

၁၉၇၀ မှာတော့ ပြည်ပတိုင်းပြည်များကို တင်ပို့ရောင်းချနိုင်ခဲ့ပါသည်။ ယနေ့ခေတ်အထိ ဂျာမန်တွေကဆေးဖက်ဝင်အဖြစ် အသုံးပြုနေဆဲဖြစ်ပါသည်။Jagermeister ကို Jager ဟုခေါ်တွင်ခဲ့ပြီး Jagermeister ကိုဆေးဖက်ဝင်အပင် ၅၆ မျိုး + အယ်ကိုဟော ၃၅% ဖြင့်ပြုလုပ်ထားပါသည်။

Jagermeister သည်ဂျာမနီ နိုင်ငံ Wolfenbüttel ရုံးချုပ်တွင် တည်ရှိသောအဓိကထုတ်ကုန်ဖြစ်သည်။လွန်ခဲ့သော ၈၆ နှစ်လောက်ကတည်းက ယနေ့အထိပြောင်းလဲခြင်းမရှိဘဲ အစိမ်းရောင်ဖန်ပုလင်း နှင့်သာထုတ်လုပ်ဆဲဖြစ်သည်။ Wilhelm Mast ရဲ့သား Curt Mast က ၁၉၃၄ တွင်သူ့အဖေရဲ့လုပ်ငန်းကို လွဲပြောင်းယူခဲ့ပါတယ်။ Jagermeister သည် ဂျာမန်စကားဖြစ်ပြီး အဓိပ္ပာယ်က မုဆိုးတွေရဲ့သခင်လို့အဓိပ္ပာယ်ရပါတယ်။

Jagermeister ကို အမေရိကန်ယမကာ company တည်ထောင်သူ Sideny Frank ၏လုပ်ဆောင်မူကြောင့် အပြည်ပြည်ဆိုင်ရာ စိတ်ဝင်စားမူကိုရရှိခဲ့သည်။

Label Jagermeister ပုလင်းတံဆိပ်တွင် ဒရယ်ချိုနှစ်ခုကြားတွင် လက်ဝါးကပ်တိုင်ကိုတွေ့ရမည်ဖြစ်သည်။ထိုပုံမှာ ခရစ်ယာန်ဂိုဏ်း ခွဲသူနှစ်ဦး Saint Hubertus and Saint Eustace တို့ကို ရည်ညွန်းသည်။ Jagermeister သည် ဥရောပပြိုင်ကားအသင်း BMW and Porsches ကို လည်း စပွန်ဆာ ပေးခဲ့သည်။     


ပါဝင်ပစ္စည်း
===========

  • သစ်ကြံပိုးခေါက် သည် ဝမ်းပျက်ဝမ်းလျှောခြင်းကိုကာကွယ်ရန်နှင့် အစာစားချင်စိတ်ကိုလှုံ့ဆော်ရန် အထောက် အကူပြုပါသသည်။
  • လေးညှင်းပွင့် သည် အဖျားအနာများကိုလျှော့ချရန်၊ရောင်ရမ်းခြင်းကို ကာကွယ်ရန်နှင့်အူလမ်းကြောင်းကင်ဆာကိုကာကွယ်ရန် ဂျင်းမြစ် သည်ပျို့ချင်ခြင်း၊ ရောင်ခြင်းကိုလျော့နည်းစေသည်။
  • နံနံပင် နံရံဆေးကြောခြင်း၊ အစာအိမ်ကြွက်သားသန်မာခြင်း (အစာအိမ်ကြွက်သားကျန်းမာရေးကိုပိုမိုကောင်းမွန်စေပါသည်)
  • ဘိန်းစေ့ သည်အစာချေခြင်း ကိုပိုမိုကောင်းမွန်စေခြင်း
  • ချောင်းဆိုးခြင်းကိုသက်သာစေပါသည်။
  • ဂျင်ဆင်း သည်ကိုယ်ခံအားစနစ်ကိုအားကောင်းစေပြီး
  • အအေးမိခြင်းကိုလျော့နည်းစေသည့် အပြင် ကင်ဆာရောဂါကိုကာကွယ်ပေးသည်။
  • Red Sandalwood သည်စိုးရိမ်စိတ်ကိုလျှော့ချရန်နှင့်နိုးနိုးကြားကြားရှိစေပြီး
  • ဘလူးဘယ်ရီသည်ဓါတ်တိုးခြင်း နှင့် fiber တွင်အလွန်မြင့်မားပြီး၎င်းသည်ကျန်းမာသောအစာကြေခြင်းကိုအထောက်အကူပြုပါသည်။

Comments

Popular posts from this blog

ကိုရီးယားလူမျိုး​တွေနဲ့ အတူ​​သောက်တဲ့အခါ သိထားသင့်သည့် အချက်များ

ဝိုင်သောက်ခြင်းရဲ့ အကျိုးကျေးဇူးများ 🍷🍷