ချစ်သူတွေဒိတ်တဲ့အခါမှာ ဝိုင်ဘာလို့သောက်ကြတာလဲ 🍷🍷


 ချစ်သူတွေဒိတ်တဲ့အခါမှာ ဝိုင်ဘာလို့သောက်ကြတာလဲ 🍷🍷


🎬 နိုင်ငံခြားရုပ်ရှင်တွေထဲမှာဆိုရင် မင်းသားနဲ့ မင်းသမီးက စားသောက်ဆိုင်တစ်ခုခုမှာ ဒိတ်ကြတဲ့အခါ ဝိုင်သောက်ရင်း စကားတပြောပြောလုပ်ကြတာကို ဂျက်ကြီးဘော်ဒါတွေ သတိထားမိကြမှာပါ။
ပြီးတော့ အမျိုးသားတစ်ယောက်က သူ့ချစ်သူကို ချစ်ခွင့်ပန်တဲ့အခါမျိုးမှာဆိုရင်လည်း နှင်းဆီပန်းတွေ၊ ပူဖောင်းတွေ၊ ခမ်းနားတဲ့အစားအသောက်တွေ၊ Slow Music အပြင် ဝိုင်ဟာ မပါမဖြစ်ကို ပါဝင်နေပါတယ်။✨
ဒါကြောင့် ဂျက်ကြီးဘော်ဒါတွေကို ချစ်သူရည်းစားတွေ ဒိတ်တဲ့အခါ ဝိုင်ဘာလို့သောက်ကြတာလဲဆိုတဲ့အကြောင်း ဂျက်ကြီးသိသလောက် ပြောပြပေးမယ်ဗျ…
💑 ဝိုင်ဆိုတာဟာ တကယ်တော့ အချစ်ရဲ့ သင်္ကေတတစ်ခုလို့ ပြောလို့ရပါတယ်။ ဝိုင်သောက်တဲ့အခါမှာ ဦးနှောက်ထဲက အချစ်စိတ်ကို တဖွားဖွားပေါ်ပေါက်စေတဲ့ Oxytocin ဟော်မုန်းတွေ ထွက်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ချစ်သူရည်းစားအတွက် ချစ်ခြင်းမေတ္တာတွေကို ပေါ်ပေါက်စေတဲ့ အကောင်းဆုံး ပေါင်းကူးတံတားလေးပေါ့ဗျာ။
💑 ဝိုင်ကြောင့် အစားအစာတွေကို ပိုမိုအရသာရှိစေသလို ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေတာကြောင့် ဒိတ်တဲ့အခါမှာ အဖျော်ယမကာများစွာထဲကမှ ဝိုင်ကို ရွေးချယ်သောက်သုံးကြတာ ဖြစ်ပါတယ်။ ကော်ဖီသောက်ရင်း ဒိတ်တာထက် ဝိုင်သောက်ရင်း ချစ်သူနဲ့ အကြည့်တွေ၊ ခံစားချက်တွေဖလှယ်ပြီး ဒိတ်တာက ပိုပြီးအနှစ်သာရရှိသလို meaningful လည်းဖြစ်စေပါတယ်။
💑 ဝိုင်ဟာ တခြား ယမကာတွေလိုမျိုး မူးဝေပြီး ခေါင်းနောက်တာမျိုးမဖြစ်စေဘဲ ချစ်ရသူနဲ့ အချိန်ကိုပေါ့ပေ့ါပါးပါး လေးလေးနက်နက် ဖြစ်သန်းနိုင်စေပါတယ်။ တစ်ကိုယ်တည်း လွမ်းဆွေးရတဲ့ ခံစားမှုမျိုးကို မဖြစ်စေဘဲ ချစ်ခင်ရသူတွေနဲ့အတူတူ ပျော်ရွှင်စွာဖြတ်သန်းနိုင်တဲ့ နွေးထွေးတဲ့ခံစားမှုကို ပေးစွမ်းနိုင်တဲ့ ယမကာတစ်မျိုးပဲ ဖြစ်ပါတယ်။
💑 ချစ်သူနဲ့ဒိတ်တုန်း ဝိုင်သောက်တဲ့အခါမှာ ဝိုင်ကို ဖန်ခွက်ရဲ့သုံးပုံတစ်ပုံထက် ကျော်အောင် မထည့်ပါနဲ့။ ခွက်ကို စက်ဝိုင်းပုံ ဝေ့ဝိုက်ပြီး ဝိုင်နဲ့အောက်ဆီဂျင်ကို ဓာတ်ပြုအောင် အရင်ထားရပါမယ်။ ပြီးတော့မှ ဖြည်းဖြည်းချင်း အနံ့နဲ့ အရသာကို မြည်းစမ်းရင်း ချစ်စကားဆိုကြဖို့ ဂျာကြီးဘော်ဒါတွေကို ပြောပြချင်ပါတယ်ဗျို့။

Comments

Popular posts from this blog

Single Malt တွေဘာလို့ ဈေးကြီးသလဲ ?

ဝိုင်သောက်ခြင်းရဲ့ အကျိုးကျေးဇူးများ 🍷🍷

ကမ္ဘာပေါ်မှာ အသောက်အများဆုံး Liquor များ