အရက်သောက်ခြင်း အနုပညာ


 အရက်သောက်ခြင်း အနုပညာ


ဒီ​နေ့ ဘယ်သူမှ မသိတဲ့ ဂျက်ကြီးရဲ့ လျှို့ဝှက်ချက်တစ်ခုကို ပြောပြမယ်။

 ခဗျားတို့ကို ​သောက်ချင်သ​လောက်​သောက် အရက်နာမကျ​အောင် ​သောက်တဲ့နည်း ​ပေးမယ်။

ပထမဆုံး တချက်က​တော့ ခဗျားတို့လည်း သိပြီးသား ဖြစ်လိမ့်မယ်။

🙆 အရက်သောက်တဲ့အချိန်မှာ အရက်မဟုတ်တဲ့ ​​အရည် ဒါမှမဟုတ် ​ရေကို တခွက်နဲ့ တခွက်ကြား ညှပ်​သောက်​ပေးရင် အရက်ရဲ့ ပြင်းအား​လျော့သွားတာ​ကြောင့် အရက်နာကျတာ သက်သာတယ်ဗျ။

🙆 အရက်​သောက်ပြီးရင် ​ရေဓါတ်ခန်း​ခြောက်တတ်တာမို့ ​သတိ​လေးထားပြီး နာရီဝက်တခါစီ​လောက် ​ရေ​​သောက်​ပေးဖို့ လိုတယ်။

​သောက်တာလည်း ​သောက် ကျန်းမာ​ရေးလည်း ဂရုစိုက်​ပေါ့။

​သောက်ပြီးရင်​တော့ အိပ်​ရေးဝဝ အိပ်ဖို့ အ​ရေးကြီးတယ်။

🙆 ​နောက်​တ​နေ့ မနက်နိုးလာတဲ့အချိန်မှာ ​ကော်ဖီတို့ လက်ဖက်ရည်တို့ Energy Drink​ တို့လို ကဖင်းဓါတ်ပါတာ​တွေကို ​ရှောင်ရမယ်ဗျ။

🙆 အရက်နာကျနေတဲ့သူရဲ့ နှလုံးခုန်နှုန်းဟာ သာမာန်လူ​တွေထက် ပိုမြန်​နေတာမို့ ​သောက်မိရင် Heart Attack ပါ ဖြစ်နိုင်တယ်ဆိုတာကို မှတ်ထားပါ။

ဂျက်ကြီးက​တော့ ​သောက်ပြီးရင် မ​ဟေသီကို မ​တွေ့​အောင်​နေတယ်။ 😁

ဆူမှာ​ ကြောက်လို့​တော့ မဟုတ်ဘူး။ နှလုံးခုန်မြန်လွန်းပြီး Shock ဖြစ်မှာ ​ကြောက်လို့။

🙆 ဒါပေမယ့်လည်း ဒီလို မနက်ခင်း​တွေမှာ သူရဲ့ ပျားရည်​လေး ခပ်ထားတဲ့ သံပုရာရည်​လေးက ​ဆေးတခွက်ပဲ။

🙆 သူမရှိရင်​တော့ ဂျက်ကြီးဘာသာ လီမွန်တီးကို ခပ်ချဥ်ချဥ် ​ဖျော်​သောက်ရတာ​ပေါ့ဗျာ။

တခါတ​လေကျလည်း ကိုရီးယားကားထဲကလို အရက်နာ​ပြေ​စေတဲ့ ဟင်းရည်​လေး​တွေကလည်း အသက်ဗျ။

ဘာပဲဖြစ်ဖြစ်ဗျာ ​သောက်ပြီးရင် ​ရေဓါတ်ပြန်ဖြည့်ဖို့ မ​မေ့နဲ့။

ကျန်းမာ​ရေးသည် အဓိက ကျန်းမာမှ ​သောက်နိုင်မှာ။

Comments

Popular posts from this blog

Single Malt တွေဘာလို့ ဈေးကြီးသလဲ ?

ဝိုင်သောက်ခြင်းရဲ့ အကျိုးကျေးဇူးများ 🍷🍷

ကမ္ဘာပေါ်မှာ အသောက်အများဆုံး Liquor များ