ကမ္ဘာပေါ်မှာ အသောက်အများဆုံး Liquor များ

နိုင်ငံခြားက စစ်တမ်းတွေမှာ ဖော်ပြတာတော့ …

ဝီစကီ၊ ဗော့ကာ၊ ကော့ညက်တွေ က အစဉ်လိုက် ထိပ်ဆုံးမှာ ဦးဆောင်နေတယ်။ 😌

🥃 ဝီစကီထဲမှာဆိုရင် Johnnie Walker, Jack Daniels တို့က ထိပ်ဆုံးပေါ့။

🥃 ဗော့ကာ ထဲမှာက Smirnoff ရယ် Absolue ရယ် ဗျ။

🥃 ကော့ညက်ထဲမှာ ဆိုရင်တော့ Hennessy, Remy Martin တို့က ရှေ့ဆုံးမှာပါ။

1) Johnnie Walker (Whisky)


Jonnie Walker ဟာ ဒီယေဂိုကုမ္ပဏီက ပိုင်တဲ့ စကော့တလန်ဝီစကီပေါ့။ John Walker ဆိုတဲ့ ဘဲက ဖန်တီးခဲ့တာ။ 

နှစ်စဉ် ရောင်းရချက်တွေက တော့ ကြောက်ခမန်းလိလိပါပဲ။ 700 ml ပုလင်းတွေဆိုရင် ကမ္ဘာတစ်ဝှမ်း လူဦးရေ 223 သန်းလောက်က ဝယ်သောက်ကြတယ်လို့ စစ်တမ်းတွေထဲမှာ ဖော်ပြထားတယ်ဗျ။

2) Smirnoff (Vodka)

Vodka တွေထဲမှာ တော်တော်မိုက်တယ်လို့ ပြောလို့ရပြီးလူအသောက်အများဆုံး ဖြစ်နေတဲ့ Smirnoff ကိုလည်း ဒီယေဂိုကုမ္ပဏီက ပိုင်တာ။ ဒါပေမယ့် ဗြိတိန် အခြေစိုက် ကုမ္ပဏီလို့ ရေးထားတယ် ဗျ။ 

ကျုပ် သေချာလိုက်လေ့လာကြည့်တော့ ဒီကောင်က ရုရှားကနေ စပြီး ထုတ်လုပ်ခဲ့တာ။

ကော့တေး ဖျော်ပြီးဆိုရင်တော့ Vodka က မပါမဖြစ်ထဲမှာပါပြီး ပြင်းရှရှ အရသာလေး နဲ့ ဆိုတော့ သောက်ရတာ ရှယ်ပါပဲ။


3) Hennessy (Cognac)

ဒီကောင်ကတော့ ကော့ညက် (cognac) အမျိုးအစား Liquor ပေါ့။ ပြင်သစ်ကနေ ထုတ်လုပ်တယ်လို့ စစ်တမ်းတွေမှာ ဖော်ပြထားတယ်။

ကမ္ဘာနဲ့ ချီပြီး တစ်နှစ်ကို ပုလင်း သိန်း 50 လောက် ရောင်းရတယ်တဲ့။ မိုက်ချက်ပဲ။ 🙂

ဒီကောင် အရသာက Vanila လိုအရသာဆိုပေမယ့် သောက်ရတာ နူးညံ့မှုရှိတယ်ဗျ။ 



Comments

Popular posts from this blog

Single Malt တွေဘာလို့ ဈေးကြီးသလဲ ?

ဝိုင်သောက်ခြင်းရဲ့ အကျိုးကျေးဇူးများ 🍷🍷