Single Malt တွေဘာလို့ ဈေးကြီးသလဲ ?
Single Malt တွေဘာလို့ ဈေးကြီးသလဲ ?
🥃 Single Malt Whisky တွေ မြန်မာနိုင်ငံမှာ စတင်ခေတ်စားလာတာ သိပ်တော့မကြာသေးပါဘူး။ ဒါပေမယ့်ခုနောက်ပိုင်းတွေမှာ သောက်သုံးမှုပိုများလာပြီး Blended Scotch တွေနဲ့အပြိုင် ဈေးကွက်အခိုင်အမာရရှိလာခဲ့ပါပြီ။ ဒါကြောင့် Single Malt ဆိုတာဘာလဲ တစ်ချက်လောက်ကြည့်ကြရအောင်။ တကယ်တော့ Single Malt ဟာ အရက်ချက်စက်ရုံတစ်ရုံထဲကလာတဲ့ (စပါးစေ့၊ပြောင်းစေ့ အစရှိတဲ့ အညှောင့်ထွက်တဲ့ သတ္တိမျိးရှိတဲ့) အစေ့အဆန် (malt) သီးသန့်နဲ့ချက်လုပ်ထားတဲ့ whisky တိုင်းကို ခေါ်နိုင်ပေမယ့် စကော့ထ်လန်က လာတဲ့ Single malt တွေကိုမှ ခေါ်လို့ရတယ်လို့ တစ်ချို့ကထင်တတ်ကြပါတယ်။ အမှန်တော့ အခြားသောနိုင်ငံတွေမှာလဲ Single Malt တွေ ရှိကြပါတယ်။
🥃 UK ရဲ့ Scotch Whisky တွေအပေါ် သတ်မှတ်ချက်တွေအရ "Single Malt Scotch Whisky" လို့ခေါ်ဆိုနိုင်ဖို့ မုယောစပါးတစ်မျိုးထဲကနေသီးသန့် ချက်လုပ်ထားရမယ့်အပြင် အရက်ချက်စက်ရုံတစ်ရုံတည်းကနေ Pot Stills ကို အသုံးပြုပြီးလဲ ချက်လုပ်ထားရပါမယ် (အခြားစက်ရုံတွေက ချက်ထားတဲ့ Malt Whisky တွေနဲ့ ရောလို့မရပါဘူး)။ ပုလင်းထဲမထည့်ခင်မှာလဲ အနည်းဆုံး ၃ နှစ် ၀က်သစ်ချစည်ထဲမှာ သိုလှောင်ထားရမယ့်အပြင် အဲ့စည်တွေကလဲ အများဆုံး လီတာ ၇၀၀ သာဆန့်တဲ့ စည်မျိုးဖြစ်ဖို့လိုပါတယ်။ အသုံးပြုတဲ့ စည်အမျိုးအစားတွေကလဲ တစ်စည်နဲ့တစ်စည် တူတာရှိသလို မတူတာလဲရှိပါတယ်။
🥃 UK ရဲ့အခြားအခြားသော စံနှုန်းတွေကို နိုင်ငံတကာမှာ မှီးကြလေ့ရှိပေမယ့် Single Malt အနေနဲ့ ရောင်းချတဲ့ အခါမှာတော့ နိုင်ငံတော်တော်များများက ဒီစံနှုန်းတွေကို မကျင့်သုံးကြတော့ပါဘူး။ ဥပမာအနေနဲ့ အမေရိကန်မှာ Single Malt အတွက် ထုတ်လုပ်သူတွေလိုက်နာရမယ့် သတ်မှတ်ချက်တွေကို အတိအကျပြဌာန်းမထားတဲ့အတွက်ကြောင့် အမေရိကန် Single Malt တွေမှာ မုယောစပါးအစား ရိုင်းစပါးနဲ့ ချက်တဲ့ whisky များကို အသုံးပြုထားတာရှိပါတယ်။
🥃 Single Malt တွေဟာ အခြားသောစက်ရုံတွေကချက်လိုက်တဲ့ Malt Whisky တွေနဲ့ ရောနှောခွင့် မရှိပေမယ့် စက်ရုံတစ်ရုံထဲက ချက်ပြီး ၀က်သစ်ချစည်တွေထဲမှာနှပ်ထားတဲ့ Malt Whisky အချင်းချင်း ဟိုဘက်စည် ဒီဘက်စည် ရောစပ်ခွင့်ရှိပါတယ်။ ဒါ့အပြင် အပတ်စဉ် အရင်တစ်ခေါက်က Whisky နဲ့ အခုတစ်ခေါက် ချက်ထားတဲ့ Whisky ချင်းလဲရောနှောခွင့်ရှိပါတယ်။ ဒီလိုရောစပ်မှုမျိုး မလုပ်ပဲ တစ်ပတ်စဉ်ထဲချက်ပြီး တစ်စည်ထဲမှာပဲ သိုလှောင်ထားတဲ့ သီးသန့် Whisky ကိုမှ ပုလင်းထဲထည့်မယ်ဆိုရင်တော့ ဒါကို Single Barrel Single Malt လို့ တံဆိပ်တပ်ခွင့်ရှိပါတယ်။ ဒါကြောင့် Single Barrel Single Malt တွေဟာ အပတ်စဉ်တစ်ပတ်ထဲထွက်ပြီး စည်တစ်စည်ထဲမှာပဲ ၃ နှစ် နဲ့ အထက် သိုလှောင်ထားခဲ့တဲ့ Single Malt Whisky တွေဖြစ်ပါတယ်။ Single Barrel Single Malt ရဲ့ကောင်းတာကတော့ သူတို့ကို သိုလှောင်ထားရှိခဲ့တဲ့ စည်ရဲ့ အနံ့နဲ့ အရသာကို သီးသန့်ပြည့်ပြည့်၀၀ အရောအနှောမရှိ ခံစားသုံးဆောင်လို့ရတာပါပဲ။ ပုံမှန်အားဖြင့်တော့ Single Barrel Single Malt တွေထုတ်လုပ်မှုဟာ သာမန် Single Malt ထုတ်လုပ်မှုတွေလောက်တော့ ပမာဏမများတဲ့ အတွက် ဈေးပိုမိုကြီးမြင့်လေ့ရှိပါတယ်။
Comments
Post a Comment