Posts

ကမ္ဘာပေါ်မှာ အသောက်အများဆုံး Liquor များ

Image
နိုင်ငံခြားက စစ်တမ်းတွေမှာ ဖော်ပြတာတော့ … ဝီစကီ၊ ဗော့ကာ၊ ကော့ညက်တွေ က အစဉ်လိုက် ထိပ်ဆုံးမှာ ဦးဆောင်နေတယ်။   ဝီစကီထဲမှာဆိုရင် Johnnie Walker, Jack Daniels တို့က ထိပ်ဆုံးပေါ့။  ဗော့ကာ ထဲမှာက Smirnoff ရယ် Absolue ရယ် ဗျ။  ကော့ညက်ထဲမှာ ဆိုရင်တော့ Hennessy, Remy Martin တို့က ရှေ့ဆုံးမှာပါ။ 1) Johnnie Walker (Whisky) Jonnie Walker ဟာ ဒီယေဂိုကုမ္ပဏီက ပိုင်တဲ့ စကော့တလန်ဝီစကီပေါ့။ John Walker ဆိုတဲ့ ဘဲက ဖန်တီးခဲ့တာ။  နှစ်စဉ် ရောင်းရချက်တွေက တော့ ကြောက်ခမန်းလိလိပါပဲ။ 700 ml ပုလင်းတွေဆိုရင် ကမ္ဘာတစ်ဝှမ်း လူဦးရေ 223 သန်းလောက်က ဝယ်သောက်ကြတယ်လို့ စစ်တမ်းတွေထဲမှာ ဖော်ပြထားတယ်ဗျ။ 2) Smirnoff (Vodka) Vodka တွေထဲမှာ တော်တော်မိုက်တယ်လို့ ပြောလို့ရပြီး လူအသောက်အများဆုံး ဖြစ်နေတဲ့ Smirnoff ကိုလည်း ဒီယေဂိုကုမ္ပဏီက ပိုင်တာ။ ဒါပေမယ့် ဗြိတိန် အခြေစိုက် ကုမ္ပဏီလို့ ရေးထားတယ် ဗျ။  ကျုပ် သေချာလိုက်လေ့လာကြည့်တော့ ဒီကောင်က ရုရှားကနေ စပြီး ထုတ်လုပ်ခဲ့တာ။ ကော့တေး ဖျော်ပြီးဆိုရင်တော့ Vodka က မပါမဖြစ်ထဲမှာပါပြီး ပြင်းရှရှ အရသာလေး နဲ့ ဆိုတော့ သောက်ရတာ ရှယ်ပါပဲ။ 3) Hennessy (Cognac) ဒီကောင်ကတ...

အရက်သောက်ခြင်း အနုပညာ

Image
  အရက်သောက်ခြင်း အနုပညာ ဒီ​နေ့ ဘယ်သူမှ မသိတဲ့ ဂျက်ကြီးရဲ့ လျှို့ဝှက်ချက်တစ်ခုကို ပြောပြမယ်။  ခဗျားတို့ကို ​သောက်ချင်သ​လောက်​သောက် အရက်နာမကျ​အောင် ​သောက်တဲ့နည်း ​ပေးမယ်။ ပထမဆုံး တချက်က​တော့ ခဗျားတို့လည်း သိပြီးသား ဖြစ်လိမ့်မယ်။  အရက်သောက်တဲ့အချိန်မှာ အရက်မဟုတ်တဲ့ ​​အရည် ဒါမှမဟုတ် ​ရေကို တခွက်နဲ့ တခွက်ကြား ညှပ်​သောက်​ပေးရင် အရက်ရဲ့ ပြင်းအား​လျော့သွားတာ​ကြောင့် အရက်နာကျတာ သက်သာတယ်ဗျ။  အရက်​သောက်ပြီးရင် ​ရေဓါတ်ခန်း​ခြောက်တတ်တာမို့ ​သတိ​လေးထားပြီး နာရီဝက်တခါစီ​လောက် ​ရေ​​သောက်​ပေးဖို့ လိုတယ်။ ​သောက်တာလည်း ​သောက် ကျန်းမာ​ရေးလည်း ဂရုစိုက်​ပေါ့။ ​သောက်ပြီးရင်​တော့ အိပ်​ရေးဝဝ အိပ်ဖို့ အ​ရေးကြီးတယ်။  ​နောက်​တ​နေ့ မနက်နိုးလာတဲ့အချိန်မှာ ​ကော်ဖီတို့ လက်ဖက်ရည်တို့ Energy Drink​ တို့လို ကဖင်းဓါတ်ပါတာ​တွေကို ​ရှောင်ရမယ်ဗျ။  အရက်နာကျနေတဲ့သူရဲ့ နှလုံးခုန်နှုန်းဟာ သာမာန်လူ​တွေထက် ပိုမြန်​နေတာမို့ ​သောက်မိရင် Heart Attack ပါ ဖြစ်နိုင်တယ်ဆိုတာကို မှတ်ထားပါ။ ဂျက်ကြီးက​တော့ ​သောက်ပြီးရင် မ​ဟေသီကို မ​တွေ့​အောင်​နေတယ်။  ဆူမှာ​ ကြောက်လို့​တော့ မဟုတ်ဘူး။ နှလုံးခုန်မြန်လွန်းပြီး...

ကိုရီးယားလူမျိုး​တွေနဲ့ အတူ​​သောက်တဲ့အခါ သိထားသင့်သည့် အချက်များ

Image
  ကိုရီးယားလူမျိုး​တွေနဲ့ အတူ​​သောက်တဲ့အခါ သိထားသင့်သည့် အချက်များ ဆိုဂျူးဆိုတာ ဆန်က​နေ ချက်လုပ်ထားတဲ့ အရက် ဖြစ်ပြီး ကိုရီးယားနိုင်ငံရဲ့ ရိုးရာယဥ်​ကျေးမှု သင်္ကေတတစ်ခု​ပေါ့။  Alcohol ပါဝင်မှု ၁၄ က​နေ ၂၀ ရာခိုင်နှုန်းကြားပဲ ရှိတာမို့ ​ဝိုင်းဖွဲ့ပြီး ​ပျော်​ပျော်ပါးပါး ​သောက်လို့​ ရှယ်​​ကောင်း​ပဲ။ အမြည်းက​တော့ ကိုရီးယားစတိုင် ဝက်ဆလပ်​လေးနဲ့ဆို ဂျက်ကြီးတို့ သီချင်းထဲကလို မင်းထက် နိဗ္ဗာန်ကို မလိုချင်ပဲ။  . ဒါကတော့ ဆိုဂျူးအကြောင်းပေါ့ ... နောက်ထပ် ခဗျားတို့ ဗဟုသုတရ​အောင် ကိုရီးယားလူမျိုး​တွေနဲ့ ဆိုဂျူး​​သောက်တဲ့အခါ သိထားသင့်တာ​တွေ ​ပြောပြမယ်။ ကိုရီးယားအရက်​​သောက်ရင် ကိုရီးယားလို ကျင့်ရတယ်။ ဒါမှ မဒီ​လေး​တွေက အိုပါးဆိုပြီး ​ကြွေကုန်မှာ​ပေါ့။  ဆိုဂျူးပုလင်းကို မဖွင့်ခင်မှာ ပုလင်းကို လှုပ်ခါ​ပေးရပါမယ်။  ဆိုဂျူးကို ပုလင်းလိုက် ​မော့တာမျိုး လုံးဝ မလုပ်သင့်ဘူးဗျ။  ဆိုဂျူး ​သောက်တဲ့အခါ ဖန်ခွက်​သေး​သေး​လေး​တွေနဲ့ ​​​သောက်မှ ဆိုဂျူးအရသာကို အပြည့်အဝ ခံစားရမှာပါ။  ဆိုဂျူးငှဲ့​ပေးတဲ့အခါ ​လေးစားမှုကို ပြသတဲ့ အ​နေနဲ့ ပုလင်းကို လက်နှစ်ဖက်စလုံးနဲ့ ကိုင်ဖို့ လိုအပ်ပါတယ်။ ...

🥃👑 ကြီးကျယ်ခမ်းနားခြင်းဆိုတဲ့ ဂုဏ်ဒြပ်တွေနဲ့ Louis XIII Cognac

Image
  Louis XIII Cognac ကြီးကျယ်ခမ်းနားခြင်းဆိုတဲ့ ဂုဏ်ဒြပ်တွေကို ဘယ်အရာနဲ့ တိုင်းတာပါသလဲ? လက်ရှိ သက်ရှိထင်ရှားနဲ့ ပိုင်ဆိုင်နေတဲ့ အချိန်လေးမှာ အကောင်းဆုံးဆိုတာတွေကိုပဲ ခံစားဖို့ ထိုက်တန်တယ်လို့ပြောရင် သင်လက်ခံပါသလား ? ကြီးကျယ်မြင့်မြတ်တဲ့ ပြင်သစ်ဘုရင် Louis Xlll ရဲ့ ဂုဏ်သတ္တိတွေကို အတိုင်းသား ခံစားနိုင်မဲ့ Louis Xlll cognac ကိုသောက်ဖူးတယ်ဆိုရင် သင်ဟာ လူဖြစ်ခွင့်ရတဲ့ စည်းစိမ်ချမ်းသာမှုကို ခံစားခဲ့နိုင်တယ်ဆိုတာ မှတ်ယူထားလိုက်ပါ။ Louis XIII cognac ဟာ ကမ္ဘာပေါ်မှာ စျေးအကြီးဆုံး cognac တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီ cognac ကို ပြင်သစ်နိုင်ငံ အခြေစိုက် Rémy Cointreau Group က ပိုင်ဆိုင်ပြီးတော့ Rémy Martin ကနေထုတ်လုပ်တဲ့ Cognac ဖြစ်ပါတယ်။ နှလုံးရည် လက်ရုန်းရည် ပြည့်စုံပြီးကြီးကျယ်ခမ်းနားတဲ့ သမိုင်းကို ဖန်တီးနိုင်ခဲ့တဲ့ ပြင်သစ်ဘုရင်လူးဝစ် (XIII) ကို ဂုဏ်ပြုချီးမြှောက်တဲ့ အနေနဲ့ ဒီနာမည်ကို ပေးခဲ့ ခြင်းဖြစ်ပါတယ်။ Louis XIII cognac ကို ၁၇၀၀ ပြည့်လွန်နှစ်များအစောပိုင်းကတည်းက စတင်ထုတ်လုပ်ခဲ့တာပါ။ Louis XIII Cognac ရဲ့ စျေးကြီးရတဲ့ အကြာင်းရင်းက ဒီ cognac ကို ရဖို့ အနည်းဆုံး နှစ်၅၀ ကနေ နှစ် ၁၀၀...

ဝိုင်သောက်ခြင်းရဲ့ အကျိုးကျေးဇူးများ 🍷🍷

Image
  ဝိုင်သောက်ခြင်းရဲ့ အကျိုးကျေးဇူးများ     ဝိုင်ဟာ သောက်သုံးသူများတဲ့ အဖျော်ယမကာတစ်မျိုးဖြစ်ပါတယ်။ စပျစ်ဝိုင်၊ ပန်းသီးဝိုင်၊ မက်မန်းဝိုင်၊ ဗလက်ဗယ်ရီဝိုင်၊ ချယ်ရီဝိုင်စသဖြင့် ဝိုင်အမျိုးအစား အများကြီးထဲကမှ ဝိုင်ရဲ့ မူလအရင်းအမြစ်ကတော့ စပျစ်ဝိုင်ကနေ စပါတယ်။ စပျစ်သီးကို ကြိတ်ချေပြီး ပါဝင်တဲ့သကြားဓာတ်ကို ကဇော်ဖောက်ပြီး စပျစ်ဝိုင်ကို ချက်လုပ်ပါတယ်။ ဂျက်ကြီးရဲ့ဘော်ဒါတွေကရော ဘယ်လိုဝိုင်မျိုးကြိုက်လဲ?  စပျစ်သီးနဲ့ ချက်လုပ်တဲ့ဝိုင်မှာမှ ဝိုင်နီ၊ ဝိုင်ဖြူ၊ နှင်းဆီဝိုင်နဲ့ စပါကလင်ဝိုင်ဆိုပြီး (၄)မျိုးကွဲပေမယ့် အများအားဖြင့်တော့ ဝိုင်နီနဲ့ ဝိုင်ဖြူကို လူသိများပါတယ်။ ဝိုင်နီကို စပျစ်သီးအနီနဲ့ပြုလုပ်ပြီး ဝိုင်ဖြူကိုတော့ စပျစ်သီးအစိမ်းနုရောင်နဲ့ချက်လုပ်ပါတယ်။ တချို့ကလည်း စပျစ်သီးအဖြူနဲ့လုပ်တယ်လို့ ပြောကြပါတယ်။  စပျစ်ဝိုင်ကို သောက်သုံးခြင်းဖြင့် စပျစ်သီးမှာ ပါဝင်တဲ့ Antioxidant ဓာတ်ကြောင့် နှလုံးရောဂါနဲ့ ကင်ဆာရောဂါတို့ကို ကာကွယ်ပေးပါတယ်။  ဝိုင်ဟာ သွေးလည်ပတ်မှုအား ကောင်းစေတာမို့ အမျိုးသမီးတွေအတွက် အထူးသင့်တော်ပါတယ်။  စပျစ်သီးရဲ့အစေ့၊ အခွံတွေပါဝင်တဲ့ ဝိုင်နီမှာ Reve...

ချစ်သူတွေဒိတ်တဲ့အခါမှာ ဝိုင်ဘာလို့သောက်ကြတာလဲ 🍷🍷

Image
 ချစ်သူတွေဒိတ်တဲ့အခါမှာ ဝိုင်ဘာလို့သောက်ကြတာလဲ 🍷🍷 နိုင်ငံခြားရုပ်ရှင်တွေထဲမှာဆိုရင် မင်းသားနဲ့ မင်းသမီးက စားသောက်ဆိုင်တစ်ခုခုမှာ ဒိတ်ကြတဲ့အခါ ဝိုင်သောက်ရင်း စကားတပြောပြောလုပ်ကြတာကို ဂျက်ကြီးဘော်ဒါတွေ သတိထားမိကြမှာပါ။ ပြီးတော့ အမျိုးသားတစ်ယောက်က သူ့ချစ်သူကို ချစ်ခွင့်ပန်တဲ့အခါမျိုးမှာဆိုရင်လည်း နှင်းဆီပန်းတွေ၊ ပူဖောင်းတွေ၊ ခမ်းနားတဲ့အစားအသောက်တွေ၊ Slow Music အပြင် ဝိုင်ဟာ မပါမဖြစ်ကို ပါဝင်နေပါတယ်။ ဒါကြောင့် ဂျက်ကြီးဘော်ဒါတွေကို ချစ်သူရည်းစားတွေ ဒိတ်တဲ့အခါ ဝိုင်ဘာလို့သောက်ကြတာလဲဆိုတဲ့အကြောင်း ဂျက်ကြီးသိသလောက် ပြောပြပေးမယ်ဗျ… ဝိုင်ဆိုတာဟာ တကယ်တော့ အချစ်ရဲ့ သင်္ကေတတစ်ခုလို့ ပြောလို့ရပါတယ်။ ဝိုင်သောက်တဲ့အခါမှာ ဦးနှောက်ထဲက အချစ်စိတ်ကို တဖွားဖွားပေါ်ပေါက်စေတဲ့ Oxytocin ဟော်မုန်းတွေ ထွက်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ချစ်သူရည်းစားအတွက် ချစ်ခြင်းမေတ္တာတွေကို ပေါ်ပေါက်စေတဲ့ အကောင်းဆုံး ပေါင်းကူးတံတားလေးပေါ့ဗျာ။ ဝိုင်ကြောင့် အစားအစာတွေကို ပိုမိုအရသာရှိစေသလို ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေတာကြောင့် ဒိတ်တဲ့အခါမှာ အဖျော်ယမကာများစွာထဲကမှ ဝိုင်ကို ရွေးချယ်သောက်သုံးကြတာ ဖြစ်ပါတယ်။ ကော်ဖီသေ...